Wednesday, August 1, 2012

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်

ရန်ကုန်၊ သြဂုတ်- ၁

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းကို လာမည့် အောက်တိုဘာလတွင် စတင်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေခံအဆောက်အဦးများဖွံ့ဖြိုးရေးအတွက် ဦးစားပေး ကူညီမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် အကြွေးများကို လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး ယခုအခါ ယင်းအကြွေးကိစ္စသည် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

REF : www.facebook.com/notes/7day-news-journal

No comments:

Post a Comment