Friday, September 30, 2011

ပလေးဘွိုင်းသန်းနိုင် sweet 16 Live



မြန်မာပြည်ရဲ့ခေတ်ပေါ်ဂီတရေစီးကြောင်းထဲမှာတစ်ချိန်တုန်းက မှတ်တိုင်အသီးသီးစိုက်ထူခဲ့ကြသူတချို့ဟာ  ဒီနေ့ခေတ်ကာလမှာ
တော့ ဂီတအနုပညာသမားတွေရဲ့ အလေးထားရာ၊ အတုယူစရာ
ပြယုဂ်တွေအဖြစ် ကျန်နေတုန်းပဲဖြစ်ပါတယ်။ ဒီပြယုဂ်အဖြစ် ရှိနေ
သူတွေထဲမှာ အချို့က သက်ရှိထင်ရှား၊ အချို့က အသက်ရှိလျက်
မထင်မရှားနဲ့ အချို့ကတော့ ကွယ်လွန်သူစာရင်းဝင်တဲ့အချိန်။
ဒီလို မှတ်တမ်းဝင်တဲ့ အဆိုတော်ကြီးတွေကို ကျွန်တော်တို့နိုင်ငံမှာ ဂုဏ်ပြု
ပြီးဝိုင်းဝန်းဂုဏ်ဖော်၊အလေးပေးကြတဲ့အလေ့အထပုံစံတစ်ခုကဒီဘက်ခေတ်မှာ တော်တော်လေးခေတ်စားနေတယ်ပဲဆိုရမလိုပါ။
    အဲဒီ့အလေ့အထကတော့ နာမည်ကျော်တစ်ဦးကို ဘုံထား ပြီး အဆိုတော်အပေါင်း 
ဝိုင်းဝန်း သီဆိုကြတဲ့  Live Show  ဆိုတာ ပါပဲ။ အချို့က ကွယ်လွန်ပြီးသား အဆိုတော်ကြီးတွေ
အောက်မေ့ဖွယ်ရာအဖြစ် စီစဉ်ကြသလို၊ အချို့ကလည်း အသက်ရှိစဉ်မှာ
ကတည်းက Respect ပေးတဲ့ အနေနဲ့ လုပ်နေကြတာ တွေ့ရပါ တယ်။

    ဒီလိုလုပ်ကြတဲ့အထဲမှာတော့ အခု   Show Master   ကြီး ပီးပေါ် စီစဉ်တဲ့ တစ်ခေတ်တစ်ခါက စတီ
ရီယိုခေတ်ဦး အဆိုကျော်ကြီး ပလေးဘွိုင်သန်းနိုင်ရဲ့   Live Show   ကလည်း စာရင်းဝင်သွားပြန်ပါပြီ။ တကယ်တော့ မြန်မာပြည်ရဲ့ စတီ ရီယိုခေတ်ဦးမှာ အဲဒီ့အချိန်အခါ က ရှေးလူကြီးတွေ နှာခေါင်းရှုံ့ ခံခဲ့ရတဲ့ ခေတ်ပေါ်ဂီတ စတင်သူ တွေထဲမှာ Playboy အဖွဲ့လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေကနေ ယနေ့အချိန် အထိ အဆက်ဆက်သော မျိုး ဆက်သစ် ဂီတသမားတော်တော် များများကို လူသိသူသိဖြစ်စေတာ က ပလေးဘွိုင်သန်းနိုင်ရဲ့ သီချင်း တွေအများအပြားနဲ့ဖြစ်ပါတယ်။ ဒါက ပလေးဘွိုင်သန်းနိုင်ရဲ့ ထင် ရှားမှုတစ်စိတ်တစ်ဒေသသာဖြစ် ပါ တယ်။
    စက်တင်ဘာ ၂၃ ရက်မှာ သူ့ရဲ့ မှတ်တမ်းဝင်မယ့် ဂီတပွဲ   Playboy Than Naing Sweet 16 Live   ကို အဆိုတော်ပေါင်း ၃၀ လောက်ပါတဲ့အဖွဲ့နဲ့ တင်ဆက်ခဲ့
ပါတယ်။ ဒီအဆိုတော်တွေထဲမှာ
အချို့က သူ့နဲ့တစ်ချိန်က အတွဲညီ
ခဲ့ဖူးသူတွေပါသလို  အချို့ကလည်း
သူ့သီချင်းတွေနဲ့ နာမည်ကြီးခဲ့သူ တွေပါဝင်ပါတယ်။ ဒါ့အပြင် တက်
သစ်စ လူငယ်အဆိုတော်အထိ ဆိုတော့  ၃၀ နီးပါးဖြစ်သွားတာ တောင် နည်းနေသေးတယ်ဆိုရ မလိုပါပဲ။

    ဂစ်တာသံ၊ ဒရမ်သံတွေ လုံး ထွက်နေတဲ့ပွဲထဲဝင်လိုက်တယ်ဆို တာနဲ့ ပလေးဘွိုင်အဖွဲ့ဝင်မဟုတ် တဲ့ လူငယ်အတီးသမားတွေနဲ့ တွဲဖက်ဖျော်ဖြေနေတာက   တစ် ချိန်က   နာမည်ကြီးပလေးဘွိုင် သန်းနိုင်နဲ့ ယနေ့ခတ်အဆိုတော် ဆုန်သင်းပါရ်။
 အဲဒီ နောက်မှာ တက်လာတဲ့ အဆို တော်ကြီးက ခင်မောင်ထူး။ ကျွန် တော်တို့ငယ်ငယ်က ဦးခင်မောင် ထူးရဲ့ ခေါင်းကလေးလှုပ်ကာ လှုပ် ကာဆိုတဲ့ Style က လူငယ်တွေ တော်တော်ကြိုက်ခဲ့ကြပါတယ်။ ခင်မောင်ထူးက သန်းနိုင်ရဲ့ နာ မည်ကြီးသီချင်းတွေဖြစ်တဲ့ “မဟာ ရန်သူအချစ်တော်ကြီး” နဲ့ “အတ္တ သမား” သီချင်းတို့ကို ဆိုသွားပါ
တယ်။ သူလည်းပဲ တစ်ခေတ် တည်း
အဆိုတော်လိုဖြစ်နေတော့ ပိုင်
ပိုင်နိုင်နိုင်ပဲ အမှားအယွင်းမရှိ ဆို
သွားပါတယ်။ သူ့နောက်မှာတော့
တကယ့် သီချင်းကောင်း နှစ်ပုဒ်
ဖြစ်ခဲ့တဲ့ “ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်
လေး”၊ “သြော်မိန်းမ”သီချင်းတို့ကို ဟေမာနေ၀င်းနဲ့တွဲဆိုပါတယ်။
    အရင်နှစ်များက သီချင်းခွေ တွေမှာ အသံလေး တိမ်လိုက် ပျောက်လိုက် မြုပ်လိုက်နဲ့ ဆို တတ်တဲ့ ဦးသန်းနိုင်က ခုတော့ အဲလိုမဆိုပါဘူး။ သူ့အသက်အ ရွယ်နဲ့အသံသိပ်မဆွဲနိုင်တော့ တာကလွဲလို့ ဆိုကောင်းနေဆဲဖြစ် တာတွေ့ရပါတယ်။
    ဒီနောက်ပိုင်းမှာ ခင်ဘုဏ်း
က “ပင်လယ်ပြာမှာ” နဲ့ “ကြိုက်
သွားပြီ”သီချင်းတွေ  ဆိုသွားပါ
တယ်။ အဆိုတော်ကြီးရဲ့ သီချင်း
တွေမို့လားမသိ။ ဂရုတစိုက်နဲ့ဆို
သွားပါတယ်။ သူပြီးတော့ ပွဲစက
တည်းက ခပ်ငြိမ်ငြိမ် အားပေးလာ
တဲ့ ပရိသတ်က နာမည်တစ်ခုကြေ ညာလိုက်တာနဲ့ လက်ခုပ်သံတွေ အားပေးသံတွေ ဝေါခနဲ ထွက် ကျလာပါတယ်။ အဲဒီ့အဆိုတော် က စိန်ဝင်းထွန်း။ သူ့အလှည့်မှာ သန်းနိုင်ရဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့
“မိန်းမနဲ့ ယောက်ျား”ဆိုတဲ့ ခပ်မြူး မြူးသီချင်းတစ်ပုဒ်ကို သူများတွေ နဲ့မတူတဲ့ပုံစံ၊ လက်ကလေး လှုပ် လှည့်ကာလှည့်ကာနဲ့ ကရင်းဆို သွားပါတယ်။
စိန်ဝင်းထွန်းရဲ့ ပါဖောမန့်စ်ကြောင့်
သူဆိုနေတဲ့တစ်လျှောက် လက်ခုပ်
သံတွေဆက်တိုက်ပါပဲ။
    ဒါပြီးတော့ ပလေးဘွိုင်သန်း နိုင်နဲ့ တစ်ချိန်က အတွဲညီခဲ့တဲ့ အယ်လ်ခွန်းရီက “လေဟုန်ကိုဆန်” သီချင်းကို စုံတွဲဆိုပြီးတဲ့နောက် ဘိုဘိုဟန်အလှည့်မှာတော့ “တစ် ခြမ်းပဲ့အသည်း” နဲ့ “ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ”သီချင်းကို အားပါးတရ ဖျော်ဖြေသွားပါတယ်။ ဒီနောက် မှာတော့ ဒီနေ့ထိ ဂီတအလုပ်တွေ ဆက်တိုက် လုပ်နိုင်တုန်းဖြစ်တဲ့ နွဲ့ယဉ်ဝင်းက “အိပ်ဆေးမရှိ”နဲ့ သန်းနိုင်သီချင်းမဟုတ်တဲ့ “  More Than I Can Say  ”သီချင်းနဲ့ ပညာပြ
သွားပါတယ်။
    ပြီးတော့ ရော့ခ်ကာကြီး မာ ရဇ၊ ထွန်းအိနြာဗို စတဲ့အဆိုတော် တွေနောက်မှာ ကိုင်ဇာအလှည့် ရောက်လာပါတယ်။ အသံကောင်း နေတုန်းဖြစ်တဲ့ ကိုင်ဇာကလည်း တော်တော်များများ ရင်းနှီးပြီးသား ဖြစ်တဲ့ “သီချင်းများနဲ့လူ”၊ “အိုမမ” သီချင်းတို့ကို သူ့ပုံစံနဲ့ဆိုသွား တယ်။ ဒီမှာ တစ်ခုတွေ့ရတာက သူမဆိုခင်မှာ A3   ဆိုဒ်လောက်ရှိ တဲ့သီချင်းစာသားတွေ ရှေ့ချကြည့်
ဆိုတာပါပဲ။ တကယ်တော့ ဒီသီ
ချင်းမသိတဲ့လူငယ်အချို့ တောင်
အလွတ်ဆိုနိုင်ပြီး ၀ါရင့် အဆိုတော်
တစ်ဦးက စာသားအလွတ်မရတာ
တော့ ကြည့်ရဆိုးပါတယ်။
    ဒီနောက်ပိုင်းတွေမှာ ရှင်ဖုန်း၊
ရင်ဂို၊ သျှီတို့ဆက်ဆိုပါတယ်။ ဇော် ၀င်းထွဋ်မဆိုဖြစ်တဲ့ ဒီပွဲမှာ သျှီ က ဇော်ဝင်းထွဋ် ဆိုခဲ့ဖူးတဲ့ သီချင်း နှစ်ပုဒ်ကို ပြန်ဆိုပါတယ်။ “စီးက ရက်မီးခိုးများ”နဲ့ “ချစ်ရမ္မက်”သီချင်း တွေက ရော့ခ်တွေပိုင်လှတဲ့ သျှီနဲ့ လိုက်ဖက်တယ်ပြောရမှာပါ။
    သူပြီးတော့  Alex   အလှည့် မှာတော့ သန်းနိုင်ဆိုပြီး၊ ဇော်ဝင်း ထွဋ်ပဲဆိုခဲ့ဖူးတဲ့ “သေရည်အရက် ကိုမုန်းခဲ့တယ်..မင်းကို ငါချစ်ခဲ့” ဆိုတဲ့အချစ်ချိုအရက်ခါးသီချင်း
ကို သူ့ကိုယ်ပိုင်ပုံစံနဲ့ ဆိုပါတယ်။ အ
ဆိုတော်တွေအကုန် နှစ်ပုဒ်ဆီဆိုခဲ့
ကြပြီး၊ သူ့ အလှည့်မှာတော့ တစ်ပုဒ်
ပဲဆိုပြီး ပြန်လှည့်သွားပါတယ်။ အော်တတ်၊ ဆဲတတ်တဲ့ ပရိသတ်
တွေကိုစိတ်ကောက်လို့လား၊ စင်
ပေါ်ရောက်မှ စိတ်မပါတော့လို့ပဲ
လားမသိပါဘူး။ ဒါကို ရွှတ်နောက် နောက်လုပ်တတ်တဲ့   Presenter   တင်အောင်မိုးက တစ်ပုဒ်တည်း ဆိုသွားတဲ့အတွက် ကျေးဇူးတင် ကြောင်းပြောသွားပါသေးတယ်။
    အဲဒီ့နောက် “အမည်းနဲ့ အ
ဖြူ”၊ “သီချင်းလေးသေရင်လိုက်လို့
သေမယ်”စတဲ့သီချင်းတွေကိုရေဗက္က
ဝင်းဆိုသွားပါတယ်။ အဆိုတော်
ကြီးတွေရဲ့ သီချင်းဟောင်းတော်
တော်များများနဲ့ လိုက်ဖက်တဲ့သူမ
လည်း ဒီသီချင်းတွေမှာတော်တော်
လေး အဆင်ပြေသွားခဲ့တယ်။
    သူပြီးတဲ့နောက်တော့ ဘယ် ပွဲမဆို Band   လိုက် တက်ဆိုတဲ့ နောနော်က Blaze   မှာ ပုံမှန်တွေ့ ရတဲ့သူတွေမဟုတ်တဲ့ သူ့အဖွဲ့ သားတွေနဲ့ “သုံးရာသီ”သီချင်းကို ဆိုပါတယ်။ “မင်းလေးနားမှာ အမြဲ ချစ်တော xx ကောင်းတော ချစ်သူ ဖြစ်ချင်တော xx ကြင်နာ ဒူဟာ  ကိုယ်ပါပဲကွယ် xx ထာ ၀စဉ်မခွဲ”တဲ့ အားပါးတရပါပဲ။ စာ
သားလေးတွေ ပျက်သွားတာတော့
စိတ်မကောင်းစရာပေါ့။ ပြီးတော့
သူ့ရဲ့သီချင်း “အတိုင်းထက်အလွန်”
တဲ့။ သန်းနိုင်ပွဲမှာ သူ့သီချင်းကြား
ရတာတော့ တစ်မျိုးပဲ။
    အဲဒီနောက်မှာတော့ ဇော် ပိုင်၊ R  ဇာနည်၊ ဖြူဖြူကျော်သိန်း၊ အေသင်ချိုဆွေ စတဲ့အဆိုတော် တွေ နှစ်ပုဒ်စီနဲ့ အလှည့်ကျဆက် တိုက်သီဆိုခဲ့ပါတယ်။ ထုံးစံအ တိုင်းပဲ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ သီချင်း တွေဆိုတတ်တဲ့ ဖြူဖြူကျော်သိန်း နဲ့အေသင်ချိုဆွေတို့ အလှည့်မှာ တော့ ပါဖောမန့်စ်နဲ့ ၀တ်ပုံစားပုံ တွေနဲ့ပါ ပရိသတ်ကိုဖမ်းစားခဲ့ပါ သေးတယ်။ ပြီးတော့ ချမ်းချမ်း။ သူကလည်း သူ့ရဲ့ လူသိများတဲ့ သီချင်း “တကယ်ဆိုရင် အချစ်ပဲလို
တယ်”သီချင်းနဲ့ သန်းနိုင်သီချင်း
တစ်ပုဒ် တွဲဖက်သီဆိုခဲ့ပါတယ်။ ဒါအပြီးမှာတော့ တစ်ပွဲလုံးက ပရိ
သတ်တွေကို မပြန်အောင် ဆွဲ
ဆောင်ထားတဲ့ ရော့ခ်ကာကြီးတွေ
ဖြစ်တဲ့ အငဲနဲ့ လေးဖြူအလှည့်။ အငဲ
က သူဆိုဖူးခဲ့တဲ့ “ကိုယ်ရေးရာဇ
ဝင်”၊ လေးဖြူကလည်း ပရိသတ်အ
ကြိုက်သီချင်းတချို့နဲ့ နှုတ်ဆက်
ပြီးနောက် ပလေးဘွိုင်သန်းနိုင် ပြန်တက်လာပါတယ်။ “ရွှေတောင်
ကြား” အပါအ၀င် သီချင်းသုံးပုဒ်
ဆိုပြီးတော့ ပွဲပြီးကြောင်း၊ ဘာ
ကြောင်း မကြေညာခဲ့တဲ့အတွက် ပရိသတ်တွေ ကြောင်အမ်းအမ်းနဲ့ ထပြန်ခဲ့ကြတာတွေ့ရပါတယ်။ လက်
မှတ်မှာပွဲစချိန် ၆ နာရီခွဲကြေညာ
ပြီး စံတော်ချိန် ၇ နာရီခွဲခန့်မှာ စခဲ့
တဲ့အတွက် ည ၁၁နာရီခွဲကျော်
မှသာ အောင်မြင်စွာ ပြီးဆုံးခဲ့
ကြောင်း ....။

No comments:

Post a Comment