၂၀၁၂ခုနှစ်မှာ
ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းတွေ၊ ယူဆချက်တွေ ယမန်နှစ်က တော်တော်ကြီးကို
ရေပန်းစားခဲ့၊ စိတ်ဝင်တစားရှိခဲ့ကြတာ အခု ၂၀၁၂ ကို ရောက်လို့
နှစ်ဝက်ကြိုးတာ ကြာပါပြီ၊ ဘာမှ ပြောသံသိပ်မကြားမိ သလိုပဲ။
ဘယ်သူမှကလဲ အစပြန်မဖော်ကြပဲ မှေးနေခဲ့ကြတာ ၈လပိုင်းတောင်
ရောက်ခဲ့ပါပြီကော။ လူတွေ အဲ့ဒီ ကောလဟလကို မေ့မေ့ပျောက်ပျောက်
ရှိသွားကြတာလား၊ လုံးဝကို ခေါင်းထဲက ထုတ်ပစ်လိုက်ကြတာလား။ တစ်ခုတော့
ရှိတယ်၊ ဘယ်သူမှ ကမ္ဘာ မပျက်ချင်ကြပါဘူး။
ဒါပေမဲ့ သံသယတွေ
ကုန်သွားကြပြီလား။ ဘာမှ မပြင်ဆင်ကြတော့ဘူးလား။ ပြင်တဲ့သူတွေလဲ
ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ Survivor Condo တဲ့ ကမ္ဘာပျက် ကပ်ကြီးတွေ
ရင်ဆိုင်ရရင် လူတွေ ရှင်သန်နေနိုင်အောင်လို့ အထူး ဆောက်လုပ်ထားတဲ့
ကွန်ဒိုမီနီယံကြီး အခန်းတွေ အကုန် ရောင်းလို့ ကုန်သွားပြီတဲ့...
ကဲ ဘယ်လို ဖြစ်ကုန်တာလဲ။ တစ်ခန်းကို ဒေါ်လာ ၂သန်းတန်တဲ့ အခန်းတွေ ဘယ်သူတွေ ၀ယ်လိုက်ကြတာလဲ...
Survival Condo က ဘာတွေ ပေးစွမ်းနိုင်မယ်လို့ အာမခံထားလဲ
၁၅၀ကီလိုဝပ် ကိုယ်ပိုင် လေအားလျှပ်စစ် တာဘိုင်တွေ ပါမယ်၊ ဆိုလာပြားတွေ၊ ကိုယ်ပိုင် ဒီဇယ်မီးစက်တွေနဲ့ လျှပ်စစ် ပေးမယ်တဲ့။
RPV (Remotely Piloted Vehicle) ကလဲ Camera ကောင်းကောင်းတပ်ဆင်ထားပြီး မြေပြင်အခြေအနေကို ထောက်လှမ်းပေးမယ်။
လက်နက်တွေ လဲရှိမယ်၊ ကျည်ကာတွေလဲ တပ်ဆင်ပေးထားမယ်။
ရေသန့်စင်စနစ်ကလဲ ဆေးရုံးတွေမှာသုံးတဲ့ အဆင့်မြင့် သန့်စင်စနစ်တွေနဲ့၊
ကိုယ်ပိုင် ဒီဂျစ်တယ် ရာသီဥတု ထောက်လှမ်း၊ ထိန်းချုပ်စနစ်တွေပါမယ်။
စစ်တပ်သုံးကင်မရာတွေ၊ စနစ်တွေနဲ့ လုံခြုံရေးကလဲ အပြည့်ဆိုပဲ။
အစားအစာတွေအတွက် အသီးအနှံတွေကို လတ်လတ်ဆက်ဆက် ထုတ်လုပ်ပေးနိုင်တဲ့
စနစ်တွေ၊ ငါးမွေးကန်တွေလဲ ပါမယ်တဲ့၊ အစားအသောက်အတွက်လဲ ပူစရာ မလိုဘူးတဲ့။
အဲ့ဒီ Condo က လူ ၇၀ ကို နှစ်ပေါက်အောင် လုံလုံလောက်လောက်
ထိန်းပေးထားနိုင်ပါမယ်တဲ့။ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အစားအစာတွေ၊
သန့်စင်ထားတဲ့ ရေတွေနဲ့ နှစ်ပေါက်အောင် နေလို့ရတာတော့ ဟုတ်ပါပြီ။
အပန်းဖြေဖို့ ဘာမှ မရှိတော့ဘူးတဲ့လား။ မဟုတ်ပါဘူး။ Spa တွေ၊ Movie
Theater တွေ၊ စာသင်ခန်းတွေ၊ ဘားတွေ၊ ရေကူးကန်တွေလဲ ပါပါမယ်တဲ့။
ကိုယ်ပိုင် အခန်းတွေထဲမှာလဲ Jacuzzis တွေ၊ HDTV အကြီးကြီးတွေ၊
ပြတင်းပေါက် အစစ်လို လုပ်ထားတဲ့ တကားချပ်တွေနဲ့ Deluxe အသုံးအဆောင်တွေ
ဆင်ပေးထားဦးမှာပါ။ အေးအေးဆေးဆေးပေါ့။
ကွန်ဒိုကို ၁၉ ၆၀ ကတည်းက
စပြီးတည်ဆောက်ခဲ့တာ အခုဆို တစ်ခုပြီးသွားလို့ အခန်းတွေ
ရောင်းကုန်သွားပါပြီတဲ့။ စာရင်းပေးထားတဲ့လူတွေလဲ ရှိနေသေးတယ်တဲ့။ ဒေါ်လာ
၂သန်းပေးပြီး ၁၈၂၀ ပေပတ်လည်ရှိတဲ့ အခန်းတစ်ခုကို ရမှာပါ။
အခန်းတွေ ကုန်သွားပြီလို့ ပြောထားတဲ့အတွက် စိတ်ပျက်သွားပြီလား၊ နောက်ထပ်
အဆောက်အဦးတွေကိုလဲ ၈ပါတ်ကနေ၊ ၁၀ အတွင်းမှာ ဆောက်လို့ ပြီးသွားမှာပါ
လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ပြီး အဲ့ဒီလိုမျိုး condo နှစ်ခု
သုံးခုလောက်ကိုလဲ ထပ်ဆောက်ဖို့ စီစဉ်နေသေးတယ်တဲ့… နောက်မကျသေးဘူး
မဟုတ်လား။
Survival Condo တစ်ခန်းလောက် ၀ယ်ပြီး အနာဂတ်
စိတ်အေးရအောင် ပြင်ဆင်ထားချင်တယ်ဆိုရင် ပိုက်ဆံတွေ စုဆောင်းဖို့
အချိန်မီဦးမယ် မဟုတ်လား… ;)
ကမ္ဘာပျက်မှ မဟုတ်ပါဘူး။ သဘာဝ
ဘေးရန်တွေက ကာကွယ်ဖို့အတွက် စဉ်းစားဖို့ပါ။ အခုတောင် ရေကြီးလိုက်
မီးလောင်လိုက် ရန်ဖြစ်လိုက်ကြနဲ့ လုံခြုံစိတ်ချရတဲ့ ပါတ်ဝန်းကျင်ကို
မရနိုင်ဘူး မဟုတ်လား...
TSJ Tech Team
၂၀၁၂ခုနှစ်မှာ
ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းတွေ၊ ယူဆချက်တွေ ယမန်နှစ်က တော်တော်ကြီးကို
ရေပန်းစားခဲ့၊ စိတ်ဝင်တစားရှိခဲ့ကြတာ အခု ၂၀၁၂ ကို ရောက်လို့
နှစ်ဝက်ကြိုးတာ ကြာပါပြီ၊ ဘာမှ ပြောသံသိပ်မကြားမိ သလိုပဲ။
ဘယ်သူမှကလဲ အစပြန်မဖော်ကြပဲ မှေးနေခဲ့ကြတာ ၈လပိုင်းတောင် ရောက်ခဲ့ပါပြီကော။ လူတွေ အဲ့ဒီ ကောလဟလကို မေ့မေ့ပျောက်ပျောက် ရှိသွားကြတာလား၊ လုံးဝကို ခေါင်းထဲက ထုတ်ပစ်လိုက်ကြတာလား။ တစ်ခုတော့ ရှိတယ်၊ ဘယ်သူမှ ကမ္ဘာ မပျက်ချင်ကြပါဘူး။
ဒါပေမဲ့ သံသယတွေ ကုန်သွားကြပြီလား။ ဘာမှ မပြင်ဆင်ကြတော့ဘူးလား။ ပြင်တဲ့သူတွေလဲ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ Survivor Condo တဲ့ ကမ္ဘာပျက် ကပ်ကြီးတွေ ရင်ဆိုင်ရရင် လူတွေ ရှင်သန်နေနိုင်အောင်လို့ အထူး ဆောက်လုပ်ထားတဲ့ ကွန်ဒိုမီနီယံကြီး အခန်းတွေ အကုန် ရောင်းလို့ ကုန်သွားပြီတဲ့...
ကဲ ဘယ်လို ဖြစ်ကုန်တာလဲ။ တစ်ခန်းကို ဒေါ်လာ ၂သန်းတန်တဲ့ အခန်းတွေ ဘယ်သူတွေ ၀ယ်လိုက်ကြတာလဲ...
Survival Condo က ဘာတွေ ပေးစွမ်းနိုင်မယ်လို့ အာမခံထားလဲ
၁၅၀ကီလိုဝပ် ကိုယ်ပိုင် လေအားလျှပ်စစ် တာဘိုင်တွေ ပါမယ်၊ ဆိုလာပြားတွေ၊ ကိုယ်ပိုင် ဒီဇယ်မီးစက်တွေနဲ့ လျှပ်စစ် ပေးမယ်တဲ့။
RPV (Remotely Piloted Vehicle) ကလဲ Camera ကောင်းကောင်းတပ်ဆင်ထားပြီး မြေပြင်အခြေအနေကို ထောက်လှမ်းပေးမယ်။
လက်နက်တွေ လဲရှိမယ်၊ ကျည်ကာတွေလဲ တပ်ဆင်ပေးထားမယ်။
ရေသန့်စင်စနစ်ကလဲ ဆေးရုံးတွေမှာသုံးတဲ့ အဆင့်မြင့် သန့်စင်စနစ်တွေနဲ့၊ ကိုယ်ပိုင် ဒီဂျစ်တယ် ရာသီဥတု ထောက်လှမ်း၊ ထိန်းချုပ်စနစ်တွေပါမယ်။ စစ်တပ်သုံးကင်မရာတွေ၊ စနစ်တွေနဲ့ လုံခြုံရေးကလဲ အပြည့်ဆိုပဲ။ အစားအစာတွေအတွက် အသီးအနှံတွေကို လတ်လတ်ဆက်ဆက် ထုတ်လုပ်ပေးနိုင်တဲ့ စနစ်တွေ၊ ငါးမွေးကန်တွေလဲ ပါမယ်တဲ့၊ အစားအသောက်အတွက်လဲ ပူစရာ မလိုဘူးတဲ့။
အဲ့ဒီ Condo က လူ ၇၀ ကို နှစ်ပေါက်အောင် လုံလုံလောက်လောက် ထိန်းပေးထားနိုင်ပါမယ်တဲ့။ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အစားအစာတွေ၊ သန့်စင်ထားတဲ့ ရေတွေနဲ့ နှစ်ပေါက်အောင် နေလို့ရတာတော့ ဟုတ်ပါပြီ။ အပန်းဖြေဖို့ ဘာမှ မရှိတော့ဘူးတဲ့လား။ မဟုတ်ပါဘူး။ Spa တွေ၊ Movie Theater တွေ၊ စာသင်ခန်းတွေ၊ ဘားတွေ၊ ရေကူးကန်တွေလဲ ပါပါမယ်တဲ့။
ကိုယ်ပိုင် အခန်းတွေထဲမှာလဲ Jacuzzis တွေ၊ HDTV အကြီးကြီးတွေ၊ ပြတင်းပေါက် အစစ်လို လုပ်ထားတဲ့ တကားချပ်တွေနဲ့ Deluxe အသုံးအဆောင်တွေ ဆင်ပေးထားဦးမှာပါ။ အေးအေးဆေးဆေးပေါ့။
ကွန်ဒိုကို ၁၉ ၆၀ ကတည်းက စပြီးတည်ဆောက်ခဲ့တာ အခုဆို တစ်ခုပြီးသွားလို့ အခန်းတွေ ရောင်းကုန်သွားပါပြီတဲ့။ စာရင်းပေးထားတဲ့လူတွေလဲ ရှိနေသေးတယ်တဲ့။ ဒေါ်လာ ၂သန်းပေးပြီး ၁၈၂၀ ပေပတ်လည်ရှိတဲ့ အခန်းတစ်ခုကို ရမှာပါ။
အခန်းတွေ ကုန်သွားပြီလို့ ပြောထားတဲ့အတွက် စိတ်ပျက်သွားပြီလား၊ နောက်ထပ် အဆောက်အဦးတွေကိုလဲ ၈ပါတ်ကနေ၊ ၁၀ အတွင်းမှာ ဆောက်လို့ ပြီးသွားမှာပါ လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ပြီး အဲ့ဒီလိုမျိုး condo နှစ်ခု သုံးခုလောက်ကိုလဲ ထပ်ဆောက်ဖို့ စီစဉ်နေသေးတယ်တဲ့… နောက်မကျသေးဘူး မဟုတ်လား။
Survival Condo တစ်ခန်းလောက် ၀ယ်ပြီး အနာဂတ် စိတ်အေးရအောင် ပြင်ဆင်ထားချင်တယ်ဆိုရင် ပိုက်ဆံတွေ စုဆောင်းဖို့ အချိန်မီဦးမယ် မဟုတ်လား… ;)
ကမ္ဘာပျက်မှ မဟုတ်ပါဘူး။ သဘာဝ ဘေးရန်တွေက ကာကွယ်ဖို့အတွက် စဉ်းစားဖို့ပါ။ အခုတောင် ရေကြီးလိုက် မီးလောင်လိုက် ရန်ဖြစ်လိုက်ကြနဲ့ လုံခြုံစိတ်ချရတဲ့ ပါတ်ဝန်းကျင်ကို မရနိုင်ဘူး မဟုတ်လား...

No comments:
Post a Comment