ရန်ကုန်၊ သြဂုတ် - ၆
မြစ်ငါးစင်းမှာ စိုးရိမ်ရေမှတ်ထက်ကျော်၍ မြစ်ရေကြီးမည်ဖြစ်သောကြောင့် ထိုမြစ်တစ်လျှောက်ရှိ မြို့နှင့် ကျေးရွာများတွင် မြစ်ရေကြီး ရေတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းမြစ်များမှာ င၀န်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ မြစ်ငယ်မြစ်၊ ရွှေကျင်မြစ်များဖြစ်ပြီး၊ ထိုမြစ်များတစ်လျှောက်ရှိ ငသိုင်းချောင်းမြို့၊ ကလေးဝမြို့၊ တောင်ငူမြို့၊ မြစ်ငယ်မြို့၊ မဒေါက်မြို့အောက်ပိုင်းတစ်လျှောက် မြို့နှင့်ကျေးရွာများတွင် မြစ်ရေကြီးမည်ဖြစ်ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

လက်ရှိတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်သောကြောင့်
ဘားအံ၊ မော်လမြိုင်၊ ကျိုက်မရော၊ င၀န်မြစ်ရေတက်မှုကြောင့်
ကျောင်းကုန်းမြို့၊ တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နှင့်
ထိုမြို့နယ်ရှိ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိသည်။
By-7DAY NEWS (Facebook update)
By-7DAY NEWS (Facebook update)
No comments:
Post a Comment