by-Soccer Myanmar
ပြီးခဲ့သည့် စနေနေ့ မြန်မာ နေရှင်နယ်လိဂ်
ပွဲစဉ်တွင် နေပြည်တော် အသင်း အားပေးသူ အချို့က မိမိအား လူမျိုးရေး
ခွဲခြားမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ကမ္ဘောဇ နောက်ခံလူ ဟန်ဆန်က
စွပ်စွဲ ပြောကြားခဲ့သည်။
ဟန်ဆန်က "ကျွန်တော် MNL မှာ ကစားတာ (၃)ရာသီရှိပြီ။ အခုလို လူမျိုးရေး ခွဲခြားတဲ့ အော်ဟစ် လှောင်ပြောင်မှုကို မကြုံတွေ့ ဖူးပါဘူး။ စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပဲ" ဟု ပြောကြားခဲ့သည်။ ကမ္ဘောဇ အသင်း၏ Facebook စာမျက်နှာပေါ်မှ ဓာတ်ပုံ သတင်းတစ်ခု၌ ပွဲကစားချိန် (၇၄)မိနစ်တွင် ဟန်ဆန်အား ဂိုးတိုင်နောက်ရှိ နေပြည်တော် အားပေးသူ ပရိသတ် အချို့က "F**k you Monkey, Monkey, Monkey"
ဟု အကြိမ်ကြိမ် အော်ဟစ် လှောင်ပြောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုပွဲစဉ်တွင် အိမ်ရှင် နေပြည်တော် အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ပွဲအပြီးတွင် နေပြည်တော် အသင်း၏ ဆိုးသွမ်း ပရိသတ်အချို့၏ အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုကြောင့် ကမ္ဘောဇ အသင်း ပရိသတ် (၅)ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ယင်းသတင်း၌ ဖော်ပြခဲ့သည်။
No comments:
Post a Comment