ယနေ့ဖြစ်ပွားလျက်ရှိသည့်
ငလျင်လှူပ်ခတ်မှူများနှင့်ပတ်သတ်၍ 7day news journal မှတိုက်ရိုက်သတင်း
တင်ဆက်မှူများအား စုစည်းတင်ဆက်ပါသည်။
ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်သည် ။
စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတ

င်းထောက်က
သတင်းပေးပို့သည်။ ငလျင်ကြောင့် အမရပူရရှိ
စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများရှိကြောင်း မန္တလေး
သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။
ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ။
ငလျင်နောက်ဆက်တွဲသတင်း :
ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့်
ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။9am
ငလျင်နောက်ဆက်တွဲသတင်း ၂:
ယနေ့ နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်မှာ စစ်ကိုင်း မြေငလျင်ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ၊ မိုး၊ဇလက ငလျင်ဗဟိုချက်မှာ ရွှေဘိုမြို့ အနောက်မြောက် ၄၅ မိုင် ဟု သတင်းထုတ်ပြန်ပြီး အမေရိကန် မြေငလျင်စောင့်ကြည့်တိုင်းတာရေး အဖွဲ့၏
USGS ၀က်ဘ်ဆိုဒ်တွင် ရွှေဘိုမြို့အရှေ့ဘက် ၁၅မိုင် အကွာ ကိုဗဟိုပြုလှုပ်၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု
ထုတ်ပြန်ထားကြောင်း မိုးဇလ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဥာဏ်တော် အမြင့်ဆုံးဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု့ မရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
မြန်မာနိုင်ငံတွင် ရစ်ချတ်တာစကေး ၆.၆ ပြင်းအားရှိ အင်အားကြီး ငလျင်လှုပ်ခတ်ကြောင်းကို စီအန်အန်သတင်းဌာနတွင် သတင်းအဖြစ်ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ၉ရက်အလိုတွင် လှုပ်ခတ်ကြောင်း သတင်းဖော်ပြသည်။
ငလျင်နောက်ဆက်တွဲသတင်း ၃ :
စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီးသွားပြီ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောကြားသည်။
ယနေ့နံနက် လှုပ်ခဲ့သော မြေငလျင်မှာ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့ အနီးပြင်းအား ၇ ရှိ ငလျင်ကြီး လှုပ်ခဲ့သော ငလျင်နောက်ပိုင်း
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။
ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ။
ငလျင်နောက်ဆက်တွဲသတင်း :
ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့်
ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။9am
ငလျင်နောက်ဆက်တွဲသတင်း ၂:
ယနေ့ နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်မှာ စစ်ကိုင်း မြေငလျင်ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ၊ မိုး၊ဇလက ငလျင်ဗဟိုချက်မှာ ရွှေဘိုမြို့ အနောက်မြောက် ၄၅ မိုင် ဟု သတင်းထုတ်ပြန်ပြီး အမေရိကန် မြေငလျင်စောင့်ကြည့်တိုင်းတာရေး
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဥာဏ်တော် အမြင့်ဆုံးဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု့ မရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။
မြန်မာနိုင်ငံတွင် ရစ်ချတ်တာစကေး ၆.၆ ပြင်းအားရှိ အင်အားကြီး ငလျင်လှုပ်ခတ်ကြောင်းကို စီအန်အန်သတင်းဌာနတွင် သတင်းအဖြစ်ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ၉ရက်အလိုတွင် လှုပ်ခတ်ကြောင်း သတင်းဖော်ပြသည်။
ငလျင်နောက်ဆက်တွဲသတင်း ၃ :
စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီးသွားပြီ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောကြားသည်။
ယနေ့နံနက် လှုပ်ခဲ့သော မြေငလျင်မှာ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့ အနီးပြင်းအား ၇ ရှိ ငလျင်ကြီး လှုပ်ခဲ့သော ငလျင်နောက်ပိုင်း
စစ်ကိုင်းပြတ်ရွေ့ပေါ်တွင်
အင်အား အကြီးဆုံး ဖြစ်သည်။ မူလက မြေငလျင်ပြင်းအားကို ၇ ရစ်ချတ်တာစကေး၊ ၆.၆
ရစ်ချတ်တာစကေးဟူ၍ အမျိုးမျိုးကြေငြာကြသော်လည်း နောက်ဆုံး ၆.၈ ပြင်းအားရှိသည်ဟု
အတည်ပြုလိုက်ကြောင်း ယင်းက ပြောကြားသည်။
၁၉၂၉ ၊ ဒီဇင်ဘာလတွင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်၌ှဆွာမြို့အနီးဗဟိုပြုကာ ပြင်းအား ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုပြတ်ရွေ့ကြောတစ်လျှောက်ရှိ ဖြူး၊ ပဲခူး၊ တကောင်း၊ တောင်ငူ စသော ဒေသများတွင်လည်း ကာလအနည်းငယ်ခြား၍ ငလျင်ကြီးများ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ငလျင်လှုပ်နိုင်သော အပိုင်း ၁၀ခု ၀န်းကျင်ခန့်ရှိသည့် အတွက် ပြတ်ရွေ့တစ်လျှောက်ကျန်ဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်းက အကြံပြုပြောကြားသည်။
ငလျင်နောက်ဆက်တွဲသတင်း-၄ :
ကုန်းဘောင်ခေတ်ဦးက တည်ထားခဲ့သော ရွှေဘိုမြို့ ရှေးဟောင်းမြို့ထောင့်(ဒေါင့်)ေ စတီ၏
ရွှေထီးတော်မှာ ငလျင်ဒဏ်ကြောင့် မြေခသွားခဲ့ကြောင်းသတင်းရရှိသည် ။ နံနက် ရှစ်နာရီခွဲခန့်တွင်
ရွှေထီးတော်မြေခသွားခဲ့သည်ဟု ဒေသခံများကပြောသည်။
မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမှာလည်း ပန်းဆွဲ၊
ပန်းတက်များ ကြွေကျခဲ့ကြောင်းသတင်းရရှိသည်။
ငလျင်နောက်ဆက်တွဲသတင်း- ၅
မြစ်သားမြို့ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စေတီတော် ၁၈ ဆူရှိသည့်အနက် စေတီကြီး ၅ ဆူ၊ အရံစေတီ ၄ဆူမှာ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။ စေတီကြီး ၆ ဆူမှာ ဖောင်းရစ်တော် အထက်နားမှ စ၍ အက်ကွဲပျက်စီးခဲ့သည်။ မြေခခဲ့သည့် စိန်ဖူးတော်များအနက် ၄ ခုကိုသာ ပြန်လည် ရှာတွေ့ပြီဖြစ်သည်။
ငလျင်နောက်ဆက်တွဲသတင်း-၆
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။4 hr ago
မြေငလျင်နောက်ဆက်တွဲသတင်း (၇) -
မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု
(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.
၁၉၂၉ ၊ ဒီဇင်ဘာလတွင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်၌ှဆွာမြို့အနီးဗဟိုပြုကာ ပြင်းအား ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုပြတ်ရွေ့ကြောတစ်လျှောက်ရှိ ဖြူး၊ ပဲခူး၊ တကောင်း၊ တောင်ငူ စသော ဒေသများတွင်လည်း ကာလအနည်းငယ်ခြား၍ ငလျင်ကြီးများ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ငလျင်လှုပ်နိုင်သော အပိုင်း ၁၀ခု ၀န်းကျင်ခန့်ရှိသည့် အတွက် ပြတ်ရွေ့တစ်လျှောက်ကျန်ဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်းက အကြံပြုပြောကြားသည်။
ငလျင်နောက်ဆက်တွဲသတင်း-၄ :
ကုန်းဘောင်ခေတ်ဦးက တည်ထားခဲ့သော ရွှေဘိုမြို့ ရှေးဟောင်းမြို့ထောင့်(ဒေါင့်)ေ
မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမ
ငလျင်နောက်ဆက်တွဲသတင်း- ၅
မြစ်သားမြို့ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စေတီတော် ၁၈ ဆူရှိသည့်အနက် စေတီကြီး ၅ ဆူ၊ အရံစေတီ ၄ဆူမှာ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။ စေတီကြီး ၆ ဆူမှာ ဖောင်းရစ်တော် အထက်နားမှ စ၍ အက်ကွဲပျက်စီးခဲ့သည်။ မြေခခဲ့သည့် စိန်ဖူးတော်များအနက် ၄ ခုကိုသာ ပြန်လည် ရှာတွေ့ပြီဖြစ်သည်။
ငလျင်နောက်ဆက်တွဲသတင်း-၆
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။4 hr ago
မြေငလျင်နောက်ဆက်တွဲသတင်း (၇) -
မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု
(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.
၆)ရှိ
ပြင်းန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။
ငလျင်နောက်ဆက်တွဲသတင်း(၈)-
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃတံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက် လူ၃ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိသွားကြောင်း
ထိုနေရာတွင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသော အောင်ဇေယျလူမှုကူညီရေးအသင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေငလျင်နောက်ဆက်တွဲသတင်း(၉)-
မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေးခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်းမှ ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့်အတွက် လောလောဆယ် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။3hr ago
မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)-
ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက်ဆဲအထက်ပါတံတားပြိုကျမှုေ ကြာင့်
တစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးမှာရေထဲပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း 7Day News သတင်းထောက်က
သတင်းပေးပို့သည်။
မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)-
ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီး
အ.မ.က စာသင်ကျောင်း တစ်ထပ်ဆောင် ပင်မဆောင်တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။ "ကျန်တာကတော့အုတ်တံတိုင်းတွေပြိုတယ်။
ထိခိုက်တာတော့ နည်းပါတယ်" ဟု ၄င်းကပြောသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)-
ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူ
ပေါ်ထွက်လာခဲ့သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်း
တို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန် ကျရဲအရာထမ်းတစ်ဦးက
ဖြေကြားသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)-
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ
ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
ငလျင်အန္တရာယ်သင့်ရာနေရာများသို့ ကနဦးကယ်ဆယ်ရေးများလုပ်ကိုင်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
ကူညီကယ်ဆယ်ရေးအဖွဲ့များက အိမ်ခြေ ၂၀၀ စာထောက်ပံ့ရေး ပစ္စည်းများဖြင့် ကျောက်မြောင်းမြို့သို့သွားနေပြီဖြစ်ကြောင်းလည်း
အထက်ပါပုဂ္ဂိုလ်ကပြောသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)-
မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြေငလျင်ဒဏ်ခံရသောမြို့များတွင် သပိတ်ကျင်းမြို့နယ်မှာ
အခြေအနေအဆိုးဆုံးဟု သိရပြီး၊ သေဆုံးဒဏ်ရာရသူစာရင်းကို မသိရှိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
ယခုအခါ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဆောင်သော အဖွဲ့ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များသို့
ကယ်ဆယ်ရေးပစ္စည်းများဖြင့် သွားရောက်နေကြောင်းသိရသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၅)-
မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးယခုကဲ့သို့
သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၆)- ယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီး ငလျင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်ငယ် (After Shock) တစ်ခု ၅း၂၅ မိနစ်ဝန်းကျင်တွင် လှုပ်ခတ်ခဲ့ကြောင်း ရွှေဘိုနှင့် မန္တလေးမြို့ရှိ သတင်းထောက်များက သတင်းပေးပို့သည်။ ဒေသခံများ၏ အဆိုအရ နောက်ဆက်တွဲ မြေငလျင် လေးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်းလည်း ပြောသည်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။
ငလျင်နောက်ဆက်တွဲသတင်း(၈)-
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃတံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက
မြေငလျင်နောက်ဆက်တွဲသတင်း(၉)-
မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေးခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်းမှ ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့်အတွက် လောလောဆယ် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။3hr ago
မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)-
ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက်ဆဲအထက်ပါတံတားပြိုကျမှုေ
မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)-
ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီး
အ.မ.က စာသင်ကျောင်း တစ်ထပ်ဆောင် ပင်မဆောင်တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။ "ကျန်တာကတော့အုတ်တံတိုင်းတွေပြိ
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)-
ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူ
ပေါ်ထွက်လာခဲ့သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်း
တို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန်
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)-
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ
ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
ငလျင်အန္တရာယ်သင့်ရာနေရာများသို့
ကူညီကယ်ဆယ်ရေးအဖွဲ့များက အိမ်ခြေ ၂၀၀ စာထောက်ပံ့ရေး ပစ္စည်းများဖြင့် ကျောက်မြောင်းမြို့သို့သွားနေပြ
အထက်ပါပုဂ္ဂိုလ်ကပြောသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)-
မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြေငလျင်ဒဏ်ခံရသောမြို့များတွင်
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၅)-
မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက်
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၆)- ယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီး ငလျင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်ငယ် (After Shock) တစ်ခု ၅း၂၅ မိနစ်ဝန်းကျင်တွင် လှုပ်ခတ်ခဲ့ကြောင်း ရွှေဘိုနှင့် မန္တလေးမြို့ရှိ သတင်းထောက်များက သတင်းပေးပို့သည်။ ဒေသခံများ၏ အဆိုအရ နောက်ဆက်တွဲ မြေငလျင် လေးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်းလည်း ပြောသည်။
No comments:
Post a Comment