Sunday, May 13, 2018

သက်ထားဆွေ( သို့မဟုတ်) အခက်အခဲကြားက မီဒီယာသမားဘ၀ကို မစွန့်ခဲ့သူ

ကိုးနှစ်တာသတင်းသမားသက်တမ်းတစ်လျှောက် မီဒီယာလောကက စွန့်ခွာရမယ့် အခြေအနေကြုံရပေမယ့်မစွန့်ခွာခဲ့တဲ့အမျိုးသမီး သတင်းသမားတစ်ဦး။

သူမနာမည်က မသက်ထားဆွေဖြစ်ပါတယ်။မြန်မာမီဒီယာလောကထဲမှာ ကိုးနှစ်နီးပါးကျင်လည်ခဲ့ပြီး ကျွမ်းကျင်တဲ့သတင်းသမားတစ်ယောက်ဖြစ်ပေမယ့်ရပ်တည်ဖို့ခက်ခဲတဲ့အချိန်တွေကိုခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရ
သူဖြစ်ပါတယ်။ အဲ့ဒီကာလက အခြေအနေတချို့ကိုပြန်လည်ဝေမျှရင်း အခုလိုဆိုပါတယ်။



“စိတ်ဓါတ်ကျခဲ့တယ် ရပ်လိုက်ဖို့တော့ မတွေးခဲ့ဖူးဘူး”

မူလကစာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ မသက်ထားဆွေဟာ၂၀၀၉ ခုနှစ်လောက်မှာ  Envoy သတင်းဂျာနယ်မှာသတင်းထောက်အဖြစ်စတင် လုပ်ကိုင်ခဲ့ပြီး အဲဒီနောက်မှာ Messenger, ပြည်သူ့ခေတ် BBC Media Action စတဲ့မီဒီယာတွေမှာ သတင်းသမားအဖြစ်ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ကိုးနှစ်တာကာလအတွင်းမှာ သူမ ကြုံခဲ့ရတာက မီဒီယာလောကကနေထွက်ခွာရလောက်မယ့် အခြေအနေတွေဖြစ်ပါတယ်။

“သတင်းထောက်လုပ်ပြီးသုံးလလောက်မှာပဲ တိုက်တွင်းပြသနာကြောင့် ကျွန်မတို့တစ်ဖွဲ့လုံး ထွက်လိုက်ကြတယ်” လို့သူကြုံခဲ့ရတဲ့ပထမဆုံးအတွေ့အကြုံကိုပြန်ပြောင်းပြောပြပါတယ်။

လှိုင်းထန်ခဲ့သောကာလများ

သတင်းထောက်ဖြစ်ကာစမှာပဲကြုံခဲ့ရတဲ့ဒီအခြေအနေကြောင့်နောက်ထပ်မီဒီယာတစ်ခုမှာသတင်းထောက်အဖြစ်လုပ်ကိုင်ခွင့်ရဖို့ ကြိုးပမ်းခဲ့ရပါတယ်။ Freelence အဖြစ်ရပ်တည်ရင်း နောက်ထပ်မီဒီယာတစ်ခုဖြစ်တဲ့ Messenger ဂျာနယ်မှာသတင်းသမားအဖြစ်နဲ့ရပ်တည်ဖို့အခွင့်အရေးထပ်ရခဲ့ပါတယ်။အဲ့ဒီဂျာနယ်မှာတော့ အကြီးတန်းသတင်းထောက်အဖြစ်ကနေအယ်ဒီတာအဖြစ် ငါးနှစ်လောက်လုပ်ခွင့်ရခဲ့ပေမယ့် ဒီဂျာနယ်ဟာလည်း ပရင့်မီဒီယာကနေ အွန်လိုင်းအကူးအပြောင်းကာလမှာ ရပ်ဆိုင်းလိုက်ရပြန်ပါတယ်။

အခက်အခဲနဲ့စိန်ခေါ်မှူ


အဲ့ဒီအချိန်မှာ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ တခြားမီဒီယာတွေမှာသွားဝင်ရင်လည်း သတင်းထောက်လောက်ကနေပြန်စရမယ်။ တိုက်ကြီးတွေဝင်ပြန်ရင်လည်း BBCတို့ Reture တို့လိုနေရာမျိုးကျပြန်တော့လည်း အင်္ဂလိပ်စာမကောင်းသေးတော့ ဘာဆက်လုပ်ရမယ်မသိအောင်ဖြစ်ခဲ့တယ်။

အဲ့ဒီကာလမှာတော့ အချိန်အတော်ကြာအောင်သတင်းခန်းနဲ့ဝေးခဲ့ပြီး Freelence အဖြစ်ပြန်လည်ရပ်တည်ကာသတင်းလောကထဲဆက်နေခဲ့ပါတယ်။ပြည်တွင်းမှာ Freelence အဖြစ်ရပ်တည်ရတာဟာခက်ခဲတဲ့အခြေအနေဖြစ်တာကြောင့် ငွေရေးကြေးရေးအဆင်မပြေတာတွေ ၊ စိတ်ဓါတ်ကျတာတွေနဲ့ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမယ့် မီဒီယာလုပ်ငန်းနဲ့ပဲဆက်လက်ရပ်တည်ချင်တဲ့သူမအတွက်ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်လာပါတယ်။

ရပ်တည်မှူအတွက်ဆုံးဖြတ်ချက်


ဒီလိုအခြေအနေမျိုးကာလရှည်ကြုံရပြီးတဲ့နောက် မီဒီယာနယ်ပယ်ကမစွန့်ခွာချင်တဲ့သူမဟာ နောက်ဆုံးတော့လမ်းကြောင်းတစ်ခုကိုင်္ရေးချယ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါကတော့ သူမတတ်ထားတဲ့အတွေ့အကြူံတွေကိုပြန်လည်ဝေမျှနိုင်မယ့် မီဒီယာသင်တန်းဆရာအဖြစ်ရပ်တည်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမဟာမီဒီယာ Trainer အဖြစ်နဲ့သင်တန်းပေါင်းရှစ်ကြိမ်လောက်ဝေမျှသင်ကြားပေးခဲ့ပြီးသူ
တစ်ယောက်ဖြစ်နေပါပြီ။နောက်ထပ်သူမသွားချင်တဲ့ လမ်းကြောင်းက မီဒီယာလောကထဲမှာရှိနေနိုင်ဦးမယ့် Trainer တစ်ဦးဆက်လုပ်နေဖို့ပဲဖြစ်ပါတယ်။
သူမဆုံးဖြတ်ထားတဲ့ အနာဂတ် Plan ကတော့အခုလိုဖြစ်ပါတယ်။

“အခွင့်သင့်ရင်တော့ စီးပွားရေးလည်းတွဲလုပ်မယ်။
ဒါပေမယ့် ဒီအလုပ်ကိုတော့ ဘယ်တော့မှမရပ်ဘူး”











No comments:

Post a Comment